ကျွန်ုပ်တို့‌အကြောင်း

about-cover

“JKT Myanmar International” သည် “Ohio Myanmar International Co., Ltd.” နှင့် “Hokkaido Arbeit Johosha Co., Ltd. (HAJ)” တို့ ပေါင်းဖွဲ့တည်ထောင်ထားသော ကုမ္ပဏီ ဖြစ်ပါသည်။

JKT Myanmar International Co., Ltd. ၏ အသက်မွေး၀မ်းကျောင်းသင်တန်းကျောင်းသည် လက်တွေ့ကျသောလုပ်ငန်းခွင် အခြေအနေနှင့်သက်ဆိုင်သော ပညာရေးဗဟုသုတများကို အခြေခံထားသော အဆင့်မြင့် အလုပ်ခွင်သင်တန်းများကို သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မြန်မာနှင့်ဂျပန်ကြား ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှု ဖလှယ်ခြင်း၊ ဂျပန်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု များ တိုးတက်စေရန်၊ ခရီးသွားဧည့်သည်များ ပိုမိုမြှင့်တင်နိုင်ရန် အတွက် ဂျပန်-မြန်မာ နှစ်နိုင်ငံကြား စီပွားရေးဆိုင်ရာ အကြံပေးခြင်း ဝန်ဆောင်မှု နှင့် ခရီးသွား ဝန်ဆောင်မှု များကို လုပ်ရန် ရည်ရွယ်ထားပါသည်။ ထို့အပြင် လူသားအရင်းအမြစ် နှင့် မြန်မာနိုင်ငံရှိ နည်းပညာ လိုအပ်ချက်များအား ပံ့ပိုးကူညီနိုင်ရန် ကွန်ပျူတာများတက္ကသိုလ် နှင့် နည်းပညာတက္ကသိုလ်များမှ ကျောင်းသားများအတွက် အချိန်ပိုင်း အလုပ်အကိုင်များ ဖန်တီးပေးရန် အစီအစဉ်ရှိပါသည်။ JKT Myanmar International Co., Ltd. ကို အနာဂတ် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ခြင်း၊ ဂျပန် နှင့် မြန်မာအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုစေရန် နှင့် လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း မလုံလောက်မှုကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် စတင်ခဲ့ခြင်း ဖြစ်ပါသည်။

“OHIO Myanmar International Co., Ltd.” အကြောင်း

OHIO Myanmar International Co., Ltd. သည် ၂၀၁၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပါသည်။ ၎င်းသည် ဂျပန်နိုင်ငံ သို့ ပညာသင်ဆု ကျောင်းသားများနှင့် ဝန်ထမ်းများ သွားရောက်နိုင်အောင် သင်ကြားပို့ချပေးသော ဂျပန်ဘာသာစကားစာသင်ကျောင်း တစ်ခုဖြစ်ပါသည်။ OHIO Myanmar သည် ဂျပန်နိုင်ငံတွင် တည်ရှိသော Hokkaido Arbeit Co., Ltd. (HAJ) နှင့် ပူးပေါင်း၍ JKT Myanmar International Co., Ltd. ဟူ၍ ၂၀၁၉ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပါသည်။

JKT Employers

“Hokkaido Arbeit Johosha Co., Ltd. (HAJ)” အကြောင်း

Hokkaido Arbeit Johosha (HAJ) ကုမ္ပဏီသည် စတင် တည်ထောင်ချိန်က စပြီး မြို့ရွာ စည်ပင်သာယာရေး လုပ်ငန်းများ၊ ဟိုကိုင်းဒိုး ရှိ စီးပွားရေးလုပ်ငန်းများ နှင့် လူငယ်လူရွယ်များကို ပြုစုပျိုးထောင်ပေးခြင်းလုပ်ငန်းများကို လုပ်ကိုင်ခဲ့ပါသည်။ HAJ ၏ အဓိက ရည်ရွယ်ချက် မှာ ဟိုကိုင်းဒိုး ရှိ ချမ်းသာကြွယ်၀သော လုပ်ငန်းရှင်များ၊ တိုးတက်လိုစိတ်ရှိသော လူမှု အဖွဲ့အစည်း နှင့် လက်ရှိလုပ်ငန်းခွင်၀င်နေသောသူများ အကြား ထိန်းညှိ ပေးလိုခြင်းဖြစ်ပါသည်။


ကုမ္ပဏီ၏သတင်းအချက်အလက်များ

ကုမ္ပဏီနာမည် JKT Myanmar International Co., Ltd.
စတင်တည်ထောင်သည့် နေ့စွဲ မေလ ၂၇၊ ၂၀၁၉
ဥက္ကဌ နှင့် ဦးဆောင်ညွှန်ကြားသူ ဒေါ်သူဇာဝင်းသူ (Okano Yuuko)
https://cherieblairfoundation.org/meet-thu-zar/
ကုမ္ပဏီ ဒါရိုက်တာများ Teruhisa Saito (ဂျပန်လူမျိုး)
Masahiro Sato (ဂျပန်လူမျိုး)
ဒေါ်သူဇာဝင်းသူ (Okano Yuuko)
ဒေါ်ဖြူစင်ဝင်းသူ
ရင်းနှီးငွေ 351,000 USD
ဝန်ထမ်းအရေအတွက် ၁၁ ဦး
လိပ်စာ နံပါတ် - ၈၆၊ ၃က၊ ရှင်စောပုလမ်း၊ ‌မြေနီကုန်း City Mart အနီး၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် ၀၉ ၂၆၉ ၅၆၄ ၃၃၉၊ ၀၉ ၇၇၀ ၄၁၁ ၇၀၈
အဖွဲ့အစည်း Hokkaido Arbeit Johosha Co., Ltd.
OHIO Myanmar International Co., Ltd.

ကျွန်ုပ်တို့‌အကြောင်း

မိမိတို့ ရည်ရွယ်ချက်

လူငယ်လူရွယ်များအတွက် ပညာရေး၊ စီးပွားရေး၊ စီမံခန့်ခွဲ မှု အရည်အချင်း နှင့် နည်းပညာ ပိုင်းဆိုင်ရာကျွမ်းကျင်မှု တို့ကို မြှင့်တင်ပေးနိုင်ရန်။

jkt ceo

achievement1

အောင်မြင်မှုမှတ်တိုင်များ

2023
JKT Myanmar International Co., Ltd. ကို Asia Business Outlook မဂ္ဂဇင်း မှ ရွေးချယ်သော 2023 ခုနှစ်အတွက် မြန်မာနိုင်ငံမှ အလားအလာ အကောင်းဆုံး ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုပေးသူ 10 ဦးထဲတွင် တစ်ဦးအဖြစ် ဖော်ပြခြင်း ခံခဲ့ရပါသည်။ မဂ္ဂဇင်းကို ဤနေရာ တွင် ရယူနိုင်ပါသည်။

Meet Our Board of Directors

ဒေါ်သူဇာဝင်းသူ (Okano Yuuko)

ဥက္ကဌ

Teruhisa Saito

ဒါရိုက်တာ (ဂျပန်လူမျိုး)

Masahiro Sato

ဒါရိုက်တာ (ဂျပန်လူမျိုး)

ဒေါ်ဖြူစင်ဝင်းသူ

ဒါရိုက်တာ (မြန်မာလူမျိုး)