လှုပ်ရှားမှုများ

activities-cover

Apr

2025

activity_blog_25

ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းခြင်း

မတ်လ ၂၈ ရက်နေ့တွင်ဖြစ်ပွားခဲ့သော ငလျင်ဘေးသင့် ပြည်သူများထံသို့ JKT Myanmar International Co., Ltd. လက်အောက်ရှိ သင်တန်းကျောင်းများ နှင့် ဂျပန်နိုင်ငံ Job Kita (Sapporo) မှ ကျောင်းသားကျောင်းသူများ၊ ၀န်ထမ်းများ စုပေါင်းပြီး ရေသန့်ဗူးများ၊ တကိုယ်ရေသုံးပစ္စည်းအသုံးအဆောင်များ နှင့် ယာယီတဲများ ကို လှူဒါန်းခဲ့ပါသည်။ ထို့အပြင် ငလျင်ဘေးကြောင့် ခြေလက်အင်္ဂါ ထိခိုက်ဒဏ်ရာရသူတွေအတွက်လည်း လူနာတစ်ဦးလျှင် ငွေကျပ် ၁၀၀,၀၀၀ နှုန်းဖြင့် ၁၁ ဦးစာ လှူဒါန်းပေးခဲ့ပါသည်။

မတ်

၂၀၂၅

activity_blog_24

Sapporo မြို့တော် အစိုးရ Seminar

ဂျပန်နိုင်ငံ၊ Hokkaido ရဲ့ မြို့တော် Sapporo City Government ရဲ့ “ Sapporo မှ အလုပ်အကိုင်အခွင့်လမ်းများ” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော Seminar မှ ပုံရိပ်များ။ JKT Myanmar International Co.,Ltd.နှင့် Hokkaido ရှိ HAJ Company တို့မှ ကြီးမှူးပြီး ဂျပန်နိုင်ငံ Hokkaido ၏မြို့တော်မှ ဒေသဆိုင်ရာ အာဏာပိုင် အစိုးရ မြို့တော်ဝန်ရုံးမှ အထူးကိုယ်စားလှယ်အဖွဲ့၏ ဂျပန်နိုင်ငံ အလုပ်အကိုင်ဆိုင်ရာ ရှင်းလင်းပွဲနှင့် စစ်တမ်းများ ကောက်ယူခြင်း အစီစဉ်ကို Novotel Yangon Max Hotel မှာ ကျင်းပပြုလုပ်ခဲ့ရာ စိတ်ပါဝင်စားသူ အတော်များများ တက်ရောက်ခဲ့ပါတယ်။

ဖေဖော်ဝါရီ

၂၀၂၅

activity_blog_23

JKT Digital Center နှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ ဝါသနာရှင်များအသင်း (YRCEA) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ

ရန်ကုန်တိုင်း ကွန်ပျူတာဝါသနာရှင်များအသင်း (YRCEA) နှင့် JKT Myanmar International Co.,Ltd. (JKT Digital Centre) တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲကို 9.2.2025 တွင် Novotel Hotel တွင် ကျင်းပခဲ့ပါသည်။ YRCEA အသင်းဥက္ကဌ ဦးဌေးလင်းနှင့် JKT Myanmar International Co.,Ltd. (JKT Digital Center) မှ Founder & CEO Ms. Yuuko Okano (ဒေါ်သူဇာဝင်းသူ) တို့မှ တက်ရောက် လက်မှတ်ရေးထိုးခဲ့ပါသည်။

ဖေဖော်ဝါရီ

၂၀၂၅

activity_blog_22

“JKTechQuiz” Online Quiz Platform မိတ်ဆက်ခြင်း

2025 ခုနှစ် February 9 ရက်နေ့တွင် Novotel Yangon Max Hotel တွင်ကျင်းပသော JKT Digital Center Certificate Awarding Ceremony တွင် Software Development Course မှ ကျောင်းသားလေးများ ပြုလုပ်ထားသော “JKTechQuiz” online quiz platform ကို မိတ်ဆက်ခဲ့ပါသည်။ လောလောဆယ်တွင် “JKTechQuiz” တွင် ITPEC (IP, FE) မေးခွန်းဟောင်းများကို လေ့ကျင့်နိုင်မှာဖြစ်ပြီး ITPEC (IP, FE) တက်ရောက်နေသူများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ အဆိုပါ “JKTechQuiz” online quiz platform ကို JKT Digital Center မှာ ကြီးမှူးပြီး ကျောင်းသားကျောင်းသူများ အဆင်ပြေအသုံးပြုနိုင်စေရန် free access ပေးထားပါသည်။ အထက်ပါ platform ကို www.jktechquiz.com တွင် အသုံးပြုနိုင်ပါသည်။

ဖေဖော်ဝါရီ

၂၀၂၅

activity_blog_21

JKT Digital Center အောင်လက်မှတ်ပေးအပ်ခြင်း အခမ်းအနား

JKT Digital Center အောင်လက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားကို Novotel Yangon Max Hotel တွင် 2025 ခုနှစ် February 9 ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ITPEC course (IP, FE) နှင့် Software Development Course တက်ရောက်ပြီးခဲ့သူများကို အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသားကျောင်းသူများမှလည်း တေးသီချင်းများ၊ မြန်မာ့အကများနှင့် ပါ၀င်ဆင်နွှဲခဲ့ကြပါသည်။

ဇန်နဝါရီ

၂၀၂၅

activity_blog_20

MCPA တွင် Diamond Sponsorship ပေးအပ်ခြင်းနှင့် ပါ၀င်ချီးမြှင့်ခြင်း

၂၀၂၅ ခုနှစ် ဇန်န၀ါရီ လတွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းမှ ကြီးမှူးကျင်းပသော ITPEC စာမေးပွဲအောင်လက်မှတ်နှင့် ထူးချွန်ဆု ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားအတွက် JKT Myanmar International Co., Ltd. လက်အောက်ရှိ JKT Digital Center မှ Diamond Sponsorship ပေးအပ်ပါ၀င်ခဲ့ပါသည်။ အောင်လက်မှတ်ရရှိသော JKT Digital Center မှ ကျောင်းသားကျောင်းသူများကိုလည်း ချီးမြှင့်အားပေးခဲ့ပါသည်။

ဒီဇင်ဘာ

၂၀၂၄

activity_blog_19

ဂျပန်နိုင်ငံရှိ လုပ်ငန်းခွင်များသို့ သွားရောက်လေ့လာခြင်း

2024 ခုနှစ် ဒီဇင်ဘာလတွင် JKT Myanmar Internal Co., Ltd. ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်သူဇာဝင်းသူသည် ဂျပန်နိုင်ငံရှိ လုပ်ငန်းခွင်များသို့ သွားရောက်ပြီး လက်ရှိ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော JKT အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ လိုအပ်ချက်များကို ပံ့ပိုးပေးခဲ့ပါသည်။

ဒီဇင်ဘာ

၂၀၂၄

activity_blog_18

ဂျပန်နိုင်ငံရှိ မိတ်ဖက် ကုမ္ပဏီများနှင့် သွားရောက်တွေ့ဆုံခြင်း

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် JKT Myanmar Internal Co., Ltd. ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်သူဇာဝင်းသူသည် ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံကာ လက်ရှိအခြေအနေများနှင့် အနာဂါတ်အစီအစဥ်များကို ဆွေးနွေးခဲ့ပါသည်။

ဒီဇင်ဘာ

၂၀၂၄

activity_blog_17

Hokkaido ပြည်နယ် Sapporo မြို့တွင်ကျင်းပသော JKT မိသားစု၏ Merry Christmas and Networking Pary

JKT မိသားစု၏ Merry Christmas and Networking Party ကို ဂျပန်နိုင်ငံ၊ ဟိုကိုင်းဒိုးပြည်နယ် ဆာပိုရိုမြို့၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့ပါသည်။ JKT မှ ပို့ဆောင်ထားသော ဆာပိုရိုမြို့ရှိ IT company များ၊ ဘိုးဘွားစောင့်ရှောက်ရေး စင်တာများနှင့် အစားအသောက်လုပ်ငန်းများတွင် လက်ရှိလုပ်ကိုင်နေသူများ၊ တက္ကသိုလ်နှင့် ဂျပန်ဘာသာသင်တန်းကျောင်းများတွင် သင်ယူနေသူများ နှင့် မိတ်ဖက် ကုမ္ပဏီများမှ ဧည့်သည်တော်များက ပျော်ရွှင်စွာ ပါ၀င်ဆင်နွှဲခဲ့ပါသည်။ မြန်မာ့ရိုးရာ မုန့်ဟင်းခါး၊ ဂျပန်ရိုးရာ အစားအစာများ၊ Christmas Cake နှင့် Sapporo Beer တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ကြပြီး မြန်မာသီချင်းများ၊ မြန်မာ့ရိုးရာ သင်္ကြန်အကများဖြင့်လည်း ကပြဖျော်ဖြေခဲ့ကြပါသည်။

ဧပြီ ၁၆

~

မေ ၆

၂၀၂၄

activity_blog_16

ဂျပန် စီးပွားရေးလုပ်ငန်းဆိုင်ရာ ခရီးစဥ် ၂၀၂၄

2024 ခုနှစ် ဧပြီလ 16 ရက်နေ့မှ မေလ 06 ရက်နေ့အထိ JKT Myanmar Internal Co., Ltd. ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်သူဇာဝင်းသူသည် ဂျပန်နိုင်ငံသို့ စီးပွားရေးလုပ်ငန်းဆိုင်ရာ ခရီး သွားရောက်ခဲ့ပြီး မိတ်ဖက် ဂျပန်ဘာသာစကား ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များ နှင့် အိုဆာကာမြို့၊ ဆာပိုရိုမြို့ နှင့် တိုကျိုမြို့ရှိ ဘိုးဘွားစောင့်ရှောက်ရေး စင်တာများမှ ကျောင်းသားကျောင်းသူများ၊ ၀န်ထမ်းများ၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်တာများကို ပံ့ပိုးပေးကာ မြန်မာနိုင်ငံရှိ လုပ်ငန်းအသစ်များအတွက်လည်း ဆွေးနွေးခဲ့ပါသည်။

၀၅

ဧပြီ

၂၀၂၄

activity_blog_15-4

၂၀၂၄ သင်္ကြန်အကြိုပွဲတော်

JKT Myanmar International Co.,Ltd. မှ သင်္ကြန်အကြို ပွဲတော်ကို ဝန်ထမ်းများ၊ ဧည့်သည်များနှင့် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ သင်္ကြန်အကများဖြင့် ကပြဖျော်ဖြေကြပြီး MD မှ ဝန်ထမ်းများနှင့် ပါ၀င်ဆင်နွှဲကြသည့် ကျောင်းသား ကျောင်းသူများအား နှစ်သစ်မုန့်ဖိုးများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

၂၀

မတ်

၂၀၂၄

activity_blog_15-3

JKT မိသားစု စုပေါင်းသွေးလှူဒါန်းပွဲ (ဒုတိယအကြိမ်)

JKT Myanmar International Co., Ltd. မှ ကြီးမှူး၍ ဒုတိယအကြိမ် စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို ကျင်းပပြုလုပ်ခဲ့ပါသည်။

၀၆

မတ်

၂၀၂၄

activity_blog_15-2

ဖိလစ်ပိုင်နိုင်ငံတွင် ကျွမ်းကျင်လုပ်သားစာမေးပွဲ ဖြေဆိုခြင်း

ဖိလစ်ပိုင်နိုင်ငံတွင် ကျွမ်းကျင်လုပ်သားစာမေးပွဲ သွားရောက်ဖြေဆိုခဲ့ပြီး ရာနှုန်းပြည့် အောင်မြင်ခဲ့သူများ

၀၄

နို၀င်ဘာ

၂၀၂၃

activity_blog_15-1

ကထိန်ပွဲ (၂၀၂၃)

JKT Myanmar International Co., Ltd. မိသားစုမှ ကထိန် အခမ်းအနား ကျင်းပပြီး လိုအပ်သည်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။

၂၀

အောက်တိုဘာ

၂၀၂၃

activity_blog_15

JKT မိသားစု စုပေါင်းသွေးလှူဒါန်းပွဲ (ပထမအကြိမ်)

JKT Myanmar International Co., Ltd. မှ ကြီးမှူး၍ ရန်ကုန်မြို့ ရန်ကင်း ကလေးဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြပါသည်။

၂၀

အောက်တိုဘာ

၂၀၂၃

activity_blog_14

သီတင်းကျွတ် ရိုးရာဓလေ့

သီတင်းကျွတ်ပွဲတော်သည် မြန်မာနိုင်ငံတွင် လူသိများသော ပွဲတော်တစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် အောက်တိုဘာလတွင် ကျရောက်သည်။ သီတင်းကျွတ်လတွင် တောက်ပလှပသော မီးသီးများ၊ မီးရှူးမီးပန်းများဖြင့် အလှဆင်ကြပြီး လူငယ်များသည် လူကြီးမိဘများကို ဂါရဝပြုကန်တော့ကြပြီး မုန့်ဖိုးများလည်း ရရှိကြသည်။ သီတင်းကျွတ်ပွဲတော်သည် ရိုးရာဓလေ့၊ သက်၀င်ယုံကြည်မှု နှင့် လူမှုအသိုက်အဝန်းကို ပေါင်းစည်းစေပြီး စွဲမက်ဖွယ်ကောင်းပြီး မြတ်နိုးဖွယ်ရာ ပွဲတော်တစ်ခုအဖြစ် မြန်မာ့ရိုးရာယဉ်ကျေးမှုပြက္ခဒိန်တွင် နေရာယူလျက်ရှိသည်။

၁၈

ဇူလိုင်

၂၀၂၃

activity_blog_13

မုတ်သုံ သစ်ပင်စိုက်ပျိုးပွဲ

OHIO Myanmar International Co., Ltd. နှင့် JKT Myanmar International Co., Ltd. မှ ကြီးမှူး၍ မုတ်သုံသစ်ပင် စိုက်ပျိုးခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ Sunyata ဓမ္မကမ္မဋ္ဌာန်းဝင်းတွင် ဝန်ထမ်း နှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀၀)ကျော် တက်ရောက်၍ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သစ်ပင်အမျိုးအစားပေါင်း ၁၅၀ ကျော် စိုက်ပျိုးခဲ့ပါသည်။

၁၆

ဇူလိုင်

၂၀၂၃

activity_blog_12

ဂျပန် ပညာရေး နှင့် အလုပ်အကိုင်အခွင့်အရေး ဟောပြောပွဲ

ဂျပန်ပညာရေးနှင့် အလုပ်အကိုင် အခမဲ့ဟောပြောပွဲကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် Novotel Hotel ရန်ကုန်၌ OHIO Myanmar International Co., Ltd. နှင့် JKT Myanmar International Co., Ltd. မှ ပူးပေါင်းကျင်းပ ခဲ့ပါသည်။ ဆိုပါ ဟောပြောပွဲတွင် နည်းပညာနှင့် ဂျပန်အလုပ်အကိုင် အခွင့်အလမ်းများ၊ ITPEC, နည်းပညာ အလုပ်အကိုင်ဗီဇာ၊ တိုခုတဲ ဗီဇာ၊ ဂျပန် ပညာရေး၊ EJU, MEXT ပညာသင်ဆု အစရှိသော အကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။ Myandamy, METATEAM MYANMAR Co., Ltd. နှင့် OJEIC မှ ဧည့်သည်တော်များမှလည်း ပါ၀င်ဟောပြောခဲ့ကြပါသည်။

၂၅

မတ်

၂၀၂၃

activity_blog_10

JKT Digital Institute ဖွင့်ပွဲအခမ်းအနား

JKT Myanmar International Co., Ltd. ၏ လုပ်ငန်းခွဲများထဲမှ တစ်ခုဖြစ်သည့် JKT Digital Institute ကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် Grand Myay Nu Condo တွင် ၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက်က ဖွင့်လှစ်ခဲ့ပါသည်။ ရည်ရွယ်ချက်မှာ အိုင်တီဘာသာရပ်များကို အခြေခံမှစပြီး အဆင့်မြင့်အထိ လေ့လာလိုသူများ၊ ဂျပန်နိုင်ငံသို့ အိုင်တီပညာရှင်အဖြစ် သွားရောက်လုပ်ကိုင်လိုသူများ၊ ပြည်တွင်းအိုင်တီ သို့မဟုတ် ပြည်တွင်းရှိ ဂျပန်အိုင်တီကုမ္ပဏီများတွင် လုပ်ကိုင်လိုသူများအတွက် အကောင်းဆုံး သင်ကြားရေးပတ်ဝန်းကျင်ကို ဖန်တီးပေးရန်ဖြစ်ပါသည်။

၃၁

ဇန်နဝါရီ

၂၀၂၁

activity_blog_10

နှစ်သစ်ကူး အလှူ

ဆရာတော် များ အား ဆွမ်း နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း။

၁၂

ဖေဖော်ဝါရီ

၂၀၂၀

activity_blog_8

ကုမ္ပဏီ တစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲ

ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရင်း ကုမ္ပဏီ တစ်နှစ်ပြည့်ပွဲ။

၁၂

ဖေဖော်ဝါရီ

၂၀၂၀

activity_blog_7

မြန်မာ-ဂျပန် Socio Economic Development Association (SEDA) ယဉ်ကျေးမှုဖလှယ်ခြင်းပွဲ

မြန်မာနိုင်ငံ နှင့် ဂျပန်နိုင်ငံ အကြား ယဉ်ကျေးမှု ဖလှယ်ရင်း JKT မှ လူငယ်များ တက်ကြွစွာပါ၀င်ဖျော်ဖြေခြင်း အမှတ်တရ။

၀၉

ဇန်နဝါရီ

၂၀၂၀

activity_blog_4

UCSY တွင် ကုမ္ပဏီမိတ်ဆက်ခြင်း

UCSY - ရန်ကုန်ကွန်ပျူတာတက္ကသိုလ် တွင် ကုမ္ပဏီ မိတ်ဆက်ခြင်း။

၀၉

ဇန်နဝါရီ

၂၀၂၀

activity_blog_5

YTU တွင် ကုမ္ပဏီမိတ်ဆက်ခြင်း

YTU - ရန်ကုန်နည်းပညာတက္ကသိုလ် တွင် ကုမ္ပဏီ မိတ်ဆက်ခြင်း။

၀၉

ဇန်နဝါရီ

၂၀၂၀

activity_blog_3

UIT တွင် ကုမ္ပဏီမိတ်ဆက်ခြင်း

UIT - သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (ရန်ကုန်) တွင် ကုမ္ပဏီ မိတ်ဆက်ခြင်း။

၁၀

နိုဝင်ဘာ

၂၀၁၉

activity_blog_6

ကထိန်ပွဲ

နှစ်စဉ် ပါ၀င်ဆင်နွှဲသော JKY Myanmar International Co., Ltd. ၏ မြန်မာ့ရိုးရာ ကထိန်ပွဲ။

၃၁

အောက်တိုဘာ

၂၀၁၉

activity_blog_9

အာဆီယံ အမျိုးသမီး လုပ်ငန်းရှင်များ အစည်းအဝေးပွဲ

အိမ်နီးချင်း အာဆီယံ နိုင်ငံများမှ မိတ်ဆွေ အမျိုးသမီးလုပ်ငန်းရှင်များ အတွေ့အကြုံ အတွေးအမြင်များ နှီးနှောဖလှယ်ပွဲ။

၁၆

စက်တင်ဘာ

၂၀၁၉

activity_blog_2

ဝါဆိုသင်္ကန်း ကပ်လှူခြင်း

ဆရာတော်သံဃာတော်များ အား ဆွမ်း၊ လှူဖွယ်ပစ္စည်းနှင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း။

၁၆

စက်တင်ဘာ

၂၀၁၉

activity_blog_1

JKTကုမ္ပဏီဖွင့်ပွဲ နှင့် အလှူ

JKTကုမ္ပဏီဖွင့်ပွဲ အနေနှင့် မြန်မာ အမျိုးသမီးစွန့်ဦးလုပ်ငန်းရှင်များအဖွဲ့အစည်း (MWEA) ၏ 'ပညာ့မိခင်' ပရဟိတပညာသင်ကြားပေးရေး အဖွဲ့အစည်း အား မူလတန်းကလေးငယ်များ အား ပညာသင်ဆုများ ချီးမြှင့် နိုင်ရေး USD ၃၀၀ လှူဒါန်း။